• CROWN CEMENT & CONCRETE
  •   
  • |
  •  SINN SHWE LI
  • SUGAR
  • |
  • MINING

SINN SHWE LI SUGAR

Clarico-Image-Text

ငွေရည်ပုလဲ သကြားကုမ္ပဏီလီမိတက်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှတ်ပုံတင်အမှတ် (၁၅၅၇၆၉၁၁၄) ဖြင့် ၂၀၁၄ ခုနှစ် မတ်လ ၃ရက်နေ့တွင် ငွေရည်ပုလဲ သတ္တုတူးဖော်ရေး ကုမ္ပဏီအမည်မှ ပြောင်းလဲဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။

No.(1) - SUGAR Mill (Samse) - 1000 Tons Per Day  



ငွေရည်ပုလဲသကြားကုမ္ပဏီလီမိတက်သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်‌ ကျေးရွာအုပ်စုတွင် တစ်နေ့ ကြံတန်ချိန် (၁၀၀၀) ကြိတ်ဝါးသည့် ဆင်းရွှေလီ သကြားစက်ရုံကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်အမှတ် မနသ-၆၈၆/၂၀၀၈ ဖြင့် ၂၀၀၈ခုနှစ်၊ ဧပြီလ ၂၄ရက်နေ့တွင် ခွင့်ပြုချက်ရရှိ တည်ထောင်ခဲ့ပြီး ၂၀၀၈ခုနှစ်၊ မေလ ၅ရက်နေ့မှ စတင်၍ သကြားဖြူ (White Sugar) ကို စီးပွားဖြစ် ထုတ်လုပ်လျှက်ရှိပါသည်။ ကြံရာသီတွင် စက်ရုံမှ ဘေးထွက်ပစ္စည်း ဖြစ်သော ကြံကြိတ်ဖတ် လောင်စာဖြင့် (1.5 MW) တာဘိုင် (၂)လုံး အသုံးပြုပြီး လျှပ်စစ်ဓာတ်အား (3MW) ထုတ်လုပ်သုံးစွဲပါသည်။ 

Clarico-Picture

No.(2) -   SUGAR Mill (Innwine) - 4000 Tons Per Day  

 

ငွေရည်ပုလဲသကြားကုမ္ပဏီလီမိတက်သည် ရှမ်းပြည်နယ်မြောက်ပိုင်း ၊ကျောက်မဲခရိုင် ၊နောင်ချိုမြို့နယ်ရှိ အင်းဝိုင်းကျေးရွာအုပ်စုတွင်  တစ်နေ့ကြံတန်ချိန် (၄၀၀၀) ကြိတ်ဝါး သည့် ဆင်းရွှေလီ သကြားစက်ရုံကို ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်အမှတ် မနသ-၉၃၅/၂၀၁၃ ဖြင့် ၂၀၁၃ခုနှစ်၊ စက်တင်ဘာလ ၁၆ရက်နေ့တွင် ခွင့်ပြုချက်ရရှိတည်ထောင်ခဲ့ပြီး ၂၀၁၅ခုနှစ်၊ ဧပြီလ ၁ရက်နေ့မှ စတင်၍ သကြားဖြူ (White Sugar) ကို စီးပွားဖြစ် ထုတ်လုပ်လျှက်ရှိပါသည်။


ကြံရာသီတွင် စက်ရုံမှ ဘေးထွက်ပစ္စည်း ဖြစ်သော ကြံကြိတ်ဖတ် လောင်စာဖြင့် (18 MW) တာဘိုင် (၂)လုံး အသုံးပြုပြီး လျှပ်စစ်ဓာတ်အား (33MW) ထုတ်လုပ်ပြီး 33KV ဓာတ်အားလိုင်းဖြင့် CROWN ဘိလပ်မြေစက်ရုံသို့ ဓာတ်အား (15MW) ပို့လွှတ်ပေးပါသည်။ 

Clarico-Text-Image-2

No.(3) - SUGAR Mill Project (Innwine) - 12000 Tons Per Day    

ကြံတန်ချိန် (၁၂၀၀၀) ကြိတ်ဝါးမည့် အမှတ်(၃) သကြားစက်ရုံကို ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ရှိ အင်ဝိုင်းကျေးရွာအုပ်စုတွင် တည်ဆောက်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အမှတ် မနသ - ၁၂၆/၂၀၁၈ အား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၉ရက်နေ့တွင် ရရှိခဲ့ပြီး ယခုအခါ တည်ဆောက်ရေး လုပ်ငန်းများ စတင် ဆောင်ရွက်နေပြီ ဖြစ်ပါသည်။

Clarico-Full Image