• CROWN CEMENT & CONCRETE
  •   
  • |
  •  SINN SHWE LI
  • SUGAR
  • |
  • MINING

CROWN CEMENT

Clarico-Image-Text

52.5 Class ဘိလပ်မြေ


52.5 Class ဘိလပ်မြေဆိုသည်မှာ ကွန်ကရစ်လောင်းပြီး (28) ရက်ကြာသောအခါ Strength Test (ခံနိုင်ဝန်အား) စမ်းသပ်ပါက 52.5 Mpa (Grade 52.5=7612.5 psi) ရရှိသော ဘိလပ်မြေ အရည်အသွေးဖြစ်ပါသည်။
လမ်းတံတားများ၊ အဆင့်မြင့် ကွန်ဒိုတိုက်ခန်းများနှင့် အထပ်အမြင့် (၄) ထပ်ကျော် ဆောက်လုပ်သော အဆောက်အဦးများတွင် အသုံးပြုနိုင်သည်။  ခံနိုင်ဝန်ကို အချိန်တိုအတွင်းမှာ ရရှိစေသည့်အတွက် ထုထည်ကြီးမားသော တိုက်တာအဆောက်အဦးများ၊ လမ်းတံတားများတည်ဆောက်ရာတွင် 52.5 Class ဘိလပ်မြေကိုသာ အသုံးပြုသင့်သည်။

စတင်မာခဲချိန်တွင် နောက်ဆုံးမာခဲချိန် မြန်သော သဘာဝရှိသည့်အတွက် ရေနှင့်အမြဲထိတွေ့နေသော နေရာများ၊ အစိုဓာတ်များသော နေရာများ၊ ငလျင်ဒဏ်သဘာဝဘေးအန္တာရာယ်တို့နှင့် အနီးကပ်ဆုံး ဒေသများတွင် 52.5 Class  ဘိလပ်မြေကိုသာ အသုံးပြုသင့်သည်။
ကျွမ်းကျင်အတတ်ပညာရှင် အင်ဂျင်နီယာများ၏ သတ်မှတ်ညွှန်ကြားထားသည့်အတိုင်း အချိုးကျ ရောစပ်အသုံးပြုသင့်ပါသည်။ ရာသီဥတု အခြအနေအလိုက် ရာသီဥတု အခြေအနေအလိုက် 4°C မှ 38°C အတွင်းနေရာဒေသအလိုက် လုပ်ငန်းအမျိုးအစားအလိုက် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါသည်။

Clarico-Image-Text

42.5 Class ဘိလပ်မြေ


42.5 Class ဘိလပ်မြေဆိုသည်မှာ ကွန်ကရစ်လောင်းပြီး (၂၈) ရက်ကြာသောအခါ Strength Test (ခံနိုင်ဝန်အား) စမ်းသပ်ပါက 42.5 MPa (Grade 42.5 =6162.5 psi) ရရှိသော ဘိလပ်မြေ အရည်အသွေးဖြစ်ပါသည်။
42.5 class ဘိလပ်မြေအုတ်စီလုပ်ငန်း၊ နံရံအချောကိုင်လုပ်ငန်းများ အသုံးပြုရာတွင် အသင့်တော်ဆုံးဖြစ်သည်။ ရိုးရိုးအုတ်တိုက် နံကပ်တိုက်များ၊ အထပ်အမြင့် (၄) ထပ်အောက် ဆောက်လုပ်မည့် အဆောက်အဦးများတွင် 42.5 Class ဘိလပ်မြေကို အသုံးပြုနိုင်ပါသည်။ 42.5 Class ဘိလပ်မြေ၏ ခံနိုင်ဝန်အားသည် သတ်မှတ်သောစံချိန် စံညွှန်းအရ စတင်မာခဲချိန်နှင့် နောက်ဆုံးမာခဲချိန်သည် နှေးတတ်သည့် သဘာဝရှိသည်။
42.5 Class ဘိလပ်မြေကို ကျွမ်းကျင်အတတ်ပညာရှင်အင်ဂျင်နီယာများ၏ သတ်မှတ် ညွှန်ကြားထားသည့်အတိုင်း အချိုးကျ ရောစပ် အသုံးပြုသင့်ပါသည်။ ရာသီဥတု အခြေအနေအလိုက် 4°C မှ 38°C အတွင်းနေရာဒေသအလိုက် လုပ်ငန်းအမျိုးအစားအလိုက် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါသည်။

Clarico-Image-Text

32.5 Class ဘိလပ်မြေ


32.5 Class ဘိလပ်မြေဆိုသည်မှာ ကွန်ကရစ်လောင်းပြီး (၂၈) ရက်ကြာသောအခါ Strength Test (ခံနိုင်ဝန်အား) စမ်းသပ်ပါက 32.5 MPa (Grade 32.5 =4712.5 psi) ရရှိသော ဘိလပ်မြေ အရည်အသွေးဖြစ်ပါသည်။
32.5 class ဘိလပ်မြေအုတ်စီလုပ်ငန်း၊ နံရံအချောကိုင်လုပ်ငန်းများ အသုံးပြုရာတွင် အသင့်တော်ဆုံးဖြစ်သည်။ 32.5 Class ဘိလပ်မြေ၏ ခံနိုင်ဝန်အားသည် သတ်မှတ်သောစံချိန် စံညွှန်းအရ စတင်မာခဲချိန်နှင့် နောက်ဆုံးမာခဲချိန်သည် နှေးတတ်သည့် သဘာဝရှိသည်။
32.5 Class ဘိလပ်မြေကို ကျွမ်းကျင်အတတ်ပညာရှင်အင်ဂျင်နီယာများ၏ သတ်မှတ် ညွှန်ကြားထားသည့်အတိုင်း အချိုးကျ ရောစပ် အသုံးပြုသင့်ပါသည်။ ရာသီဥတု အခြေအနေအလိုက် 4°C မှ 38°C အတွင်းနေရာဒေသအလိုက် လုပ်ငန်းအမျိုးအစားအလိုက် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါသည်။