• CROWN CEMENT & CONCRETE
  •   
  • |
  •  SINN SHWE LI
  • SUGAR
  • |
  • MINING

- အနာဂတ်မှာ လူအကူအညီများစွာ မပါတော့ပဲ စက်ရုပ်တွေကပဲ လုပ်ငန်းခွင်များကို ဦးဆောင်လုပ်ကိုင် လာကြတော့မည် ဆိုတာကတော့ မလွှဲမသွေပါပဲ။ လွန်ခဲ့သော နှစ်(၂၀) မတိုင်မီက Printer တွေစတင် အသုံးပြုလာခဲ့ပြီး Laser Beam Printer မှ Color Printer ကိုအသုံးပြုလာနိုင်သည်အထိ နည်းပညာတိုးတက်လာခဲ့ပါတယ်။ နောက်ထပ်တိုးတက်လာတာကတော့ အနာဂတ်မှာတွင်ကျယ်လာမည့် 3D printer ပဲဖြစ်ပါတယ်။ ကွန်ပျူတာဖြင့် 3D ဒီဇိုင်းရေးဆွဲပြီး 3D data ကို Printout လုပ်ပြီး 3D ပစ္စည်းတစ်ခုကို ဖန်တီးခြင်းပဲဖြစ်ပါတယ်။ ယခုခေတ်မှာတော့ ရုပ်ပုံပစ္စည်းအသေးများကိုသာမက အိမ်တစ်ခုလုံးကိုပါ ဒီဇိုင်းရေးဆွဲပြီး Print Out ဒီဇိုင်းအတိုင်း အလိုအလျောက်ဆောက်လုပ်သည့် ခေတ်ကိုရောက်ရှိလာခဲ့ပါပြီ။ ဒါဟာ ဒီဂျစ်တယ်ဆောက် လုပ်ရေးခေတ်ရဲ့ ရှေ့ပြေးတီထွင်ချက်လမ်းစလို့လည်း ဆိုနိုင်ပါတယ်။

 
 
ဆန်ဖရန်စစ္စကို အခြေစိုက် start up လုပ်ငန်းတစ်ခုဖြစ်တဲ့ 3D printing company Apis Cor ဟာ ထို 3D printer ကိုအသုံးပြုပြီး စတုရန်းပေ ၄၀၀ ကျယ်ဝန်းသော နေအိမ်တစ်လုံးကို ၂၄ နာရီအတွင်း တည်ဆောက် ပြီးစီးခဲ့ပြီး ကုန်ကျစရိတ် အနေဖြင့် ဒေါ်လာ ၁၀,၀၀၀ သာ ကုန်ကျခဲ့ပါတယ်။ ထိုအိမ်ထဲတွင် မီးဖိုချောင်တစ်လုံး၊ ဧည့်ခန်းနဲ့ သန့်စင်ခန်းများ ပါရှိပြီး ပထမဆုံး 3D နည်းပညာဖြင့် တည်ဆောက်ခဲ့တဲ့ လက်ရာတစ်ခုလည်း ဖြစ်ပါတယ်။ 
3D Printed Concrete စက်တွေ ဘယ်လိုအလုပ်လုပ်သလဲ.........
- 3D printed နည်းပညာသည် အဆောက်အဦ်တစ်ခု၏ အဓိက အစိတ်အပိုင်းတွေ ဖြစ်တဲ့ နံရံ ၊ Partition တွေနဲ့ အဆောက်အဦကိုယ်ထည်တွေ အကုန်လုံးကို လုပ်သားလုပ်အားမပါဘဲ ကွန်ကရစ် နှင့် စက်ရုပ်လက်တံ ကရိန်းများဖြင့် တစ်လွှာချင်းစီအလိုက် ပြုလုပ်ထားခြင်းဖြစ်ပါတယ်။
- Concrete Printer သည် x,y and z axis ဝင်ရိုးများကို အခြေခံပြီး အသုံးပြုထားပါတယ်။ အောက်ခြေတွင် သံလမ်းများတပ်ဆင်ထားပြီး x axis မှ Printer ကရိန်းအား ရှေ့နောက်ရွေ့ခြင်းဖြင့် အသုံးပြုပြီး ၎င်းနှင့်ဆန့်ကျင်ဘက်ကိုတော့ y axis ကအလုပ်လုပ်ပါတယ်။ ကွန်ကရစ်လောင်းမည့် နော်ဇယ်ခေါင်းအမြင့် ကို သယ်ဆောင်သည့် တိုင်များကိုတော့ z axis ကအလုပ်လုပ်ပါတယ်။ ဒီ Robot ဟာ ဘယ်လောက်မြန်သလဲဆိုရင် ၁ စက္ကန့်ကို ၆ လက်မ အမြန်နှုန်းနဲ့ ပရင့်ထုတ်ပေးတာဖြစ်ပါတယ်။ အဆောက်အဦတစ်ခု၏ အောက်ခြေ ဖောင်ဒေးရှင်းမှစ၍ သံလမ်းများအတိုင်း တစ်လွှာချင်းစီအလိုက် အထပ်ထပ်လောင်းပါတယ်။ 
- နောက်ဆုံးအနေနဲ့ကွန်ကရစ်အတွက်လုံလောက်သော စီးဆင်းမှုရရှိနိုင်ရန်အတွက်တော့ နော်ဇယ် အပေါက် ပိတ်ဆို့ခြင်း မရှိစေရန်လည်း လိုအပ်ပါတယ်။ 
3D Printer ဖြင့် ပြုလုပ်ထားသော အဆောက်အဦများသည် လေမုန်တိုင်း၊ လေဆင်နှာမောင်းစသော သဘာဝဘေးအန္တရာယ် များမှလည်း ကာကွယ်ပေးနိုင်တယ်လို့လည်း သိရပါတယ်။ ကုန်ကျစရိတ်သက်သာပြီး တည်ဆောက်မှု မြန်ဆန်သည့်အပြင် ဆောက်လုပ်ရေးသုံးပစ္စည်းများ အလေအလွင့် မဖြစ်စေသည့်အတွက် သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီမှုများစွာရှိနေပါတယ်။
အားနည်းချက်အနေနဲ့ လောလောဆယ်မှာ 3D printed Concrete နည်းပညာမှာ လိုအပ်ချက်တစ်ချို့ရှိနေသေး ပေမဲ့ မကြာမှီနှစ်များမှာတော့ အဆောက်အဦတစ်ခုလုံးမှာပါတဲ့ လုပ်ငန်းအစုံအလင်ကို အကုန်တည်ဆောက် လာနိုင်တော့မှာ ဖြစ်ပါတယ်။ ဤနည်းပညာသည် နောင်တစ်ချိန်မှာ အင်္ဂါဂြိုလ်ပေါ်တွင် စက်ရုပ်များအသုံးပြုပြီး အဆောက်အဦများ တည်ဆောက်လာနိုင်တော့မည်လို့ စက်မှုအင်ဂျင်နီယာတစ်ဦးဖြစ်သူ ကီတင်း ကလည်း ဆိုပါတယ်။ အနာဂတ်ဆောက်လုပ်ရေးကဏ္ဍတွေမှာ ကောင်းမွန်ခိုင်ခံ့တဲ့ အဆောက်အဦတွေနဲ့ ဒီဂျစ်တယ်နည်းပညာသုံး ဆောက်လုပ်ရေးကိရိယာများကို အသုံးပြုပြီး ပိုမိုကောင်းမွန်တဲ့ နေထိုင်မှုဘဝတွေအတွက် Crown Cement ကနိုင်ငံသားတိုင်းနှင့်အတူထပ်တူရှိလို့နေပါ့မယ်။

#3D_Printed_Concrete #Concrete #Cement #ဘိလပ်မြေ #ကွန်ကရစ်