• CROWN CEMENT & CONCRETE
  •   
  • |
  •  SINN SHWE LI
  • SUGAR
  • |
  • MINING

ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အသုံးပြုတဲ့ ဘိလပ်မြေ၊ ကွန်ကရစ် နဲ့ အင်္ဂတေ တို့ရဲ့ အသုံးပြုပုံကို အခုထိတိုင် သေချာစွာ မရှင်းလင်းသေးတဲ့သူတွေ ရှိပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းခွင် နဲ့ အကျွမ်းတဝင်မရှိတဲ့သူတွေအဖို့ ဒီအသုံးအနှုန်း (၃) ခုဟာ တူသယောင်ယောင် ထင်ရစေပါတယ်။ အခုဒီ(၃)မျိုးရဲ့ မတူကွဲပြားမှုတွေအကြောင်းကို ဒီနေ့ဖော်ပြပေးသွားပါ့မယ်။

ဘိလပ်မြေ (Cement)
ဘိလပ်မြေ သည် ဆောက်လုပ်ရေးဆိုင်ရာ Materials များတွင် အခြေခံ အကျဆုံးနှင့် အရေးပါဆုံးသော Material တစ်ခုဖြစ်သည်။ ဘိလပ်မြေ သည် Binding Material အမျိုးအစား ဖြစ်ပြီး ရေနှင့် ထိတွေ့ ပြီးနောက် စတင် မာကြောသော သဘောရှိသည်။ အဓိက ကုန်ကြမ်းများဖြစ်သည့် သဲကျောက်(Sand Stone)၊ သံကျောက် (Iron Stone)၊ နှင့် ထုံးကျောက် (Limestone) တို့အားအပူချိန် (1450℃ )အပူပေးပြီးနောက် ထွက်ရှိလာသော ဒြပ်ပေါင်း များကို ဂေါဒန်ကျောက် (Gypsum) နှင့်အချိုးကျရောစပ်ပြီး အရောအနှော ဒြပ်ပေါင်းတစ်ခုတည်း အဖြစ်သို့ရောက်ရှိသွားကာ ဘိလပ်မြေရယ်လို့ ဖြစ်လာရတာပဲ ဖြစ်ပါတယ်။ ဘိလပ်မြေကိုအသုံးပြု၍ အုတ်စီလုပ်ငန်း၊ အချောကိုင်လုပ်ငန်း၊ အဆောက်အဦး စီမံကိန်းများနှင့် လမ်းတံတားစီမံကိန်းများတွင် ကွန်ကရစ်သွန်းလောင်းခြင်းလုပ်ငန်းများအား တွင်ကျယ်စွာ အသုံးပြုလျက်ရှိပါသည်။

အင်္ဂတေ (Motor)
အင်္ဂတေသည် ( ဘိလပ်မြေ + သဲ + ရေ ) တို့ ပေါင်းစပ်ထားသော အရောအနှော ဖြစ်သည်။ အင်္ဂတေ သည် ကွန်ကရစ် နှင့် စာလျှင် ( W/C၊ ရေ၊ ဘိလပ်မြေ၊  ) များပြီး အင်္ဂတေ ၏ အသုံးပြုမည့် နေရာကို လိုက်ကာ အသုံးပြုရန် လွယ်ကူ ပြီး စေးကပ်မှု ဆွဲအားကောင်းစေရန် အဓိကထား ဖျော်စပ်ကြသည်။ တစ်ခါတစ်ရံ ထုံးကို ပါထည့်သွင်း အသုံးပြုကြသည် ကို တွေ့ရလိမ့်မည်။
ကောင်းမွန်သော အင်္ဂတေ အရောတစ်ခုရစေရန်အတွက် သင့်တော်သော အချိုး (  ဘိလပ်မြေ  +  သဲ +  ရေ  ) ၊ ကောင်းမွန် သော ဘိလပ်မြေ ၊ နုန်းကင်းစင်သော နုန်းနည်းသော နူးညံ့သော သဲ  (FM နည်းသော သဲ) ၊သန့်ရှင်းသော ရေ စသည်တို့ လိုအပ်သည်။ အုတ် နံရံများ အချောကိုင်ရာတွင် ဖြစ်တတ်သော Plastic shrinkage crack ကလေးများ မဖြစ် စေရန် အချောကိုင် မည့် အုတ်မျက်နှာပြင် အား ရေဝအောင် လောင်းပေးခြင်းသော်လည်းကောင်း၊ အသုံးပြုမည့် အုတ်ပုံ များကို နေ့စဉ် ရေဖြန်းထားခြင်း သော်လည်းကောင်း ပြုလုပ်ခြင်းဖြင့် plaster အစိုဓာတ်ကို ထိန်းသိမ်းပေးရန် လိုအပ်သည်။ ဘိလပ်မြေသည် ရေနှင့်ရောစပ်လိုက်သောအခါ ဓာတ်ပြုပြီး အပူထွက်ရှိလာသောကြောင့် အင်္ဂတေ မှ အစိုဓာတ် ကို ပိုမိုထိန်းသိမ်းပေးရန် ( curing ) လုပ်ပေးရန် လိုအပ်သည်။

ကွန်ကရစ် (Concrete)
ကွန်ကရစ် သည် လည်း ဘိလပ်မြေကို အခြေခံထားပြီး အဓိကကျသော structural element တစ်မျိုးဖြစ်သည်။ ဘိလပ်မြေကို အခြေခံထားခြင်း အားလျော်စွာ concrete သည် အဆောက်အဦး၏ ဖိအားဒဏ် ခံနိုင်မှုကို အဓိက အထောက်အကူ ပြုသည်။
( သံကူကွန်ကရစ် Reinforced အဆောက်အဦး များတွင် ပါဝင်သော rebar များသည် ကွန်ကရစ် ထက် ဖိအားဒဏ် ခံနိုင်ရာတွင်လည်းကောင်း ၊
ဆွဲအားဒဏ် ခံနိုင်ရာတွင်လည်းကောင်း သာလွန်သည်။ )

ကွန်ကရစ် သည် အခြေခံအားဖြင့် (  ဘိလပ်မြေ + သဲ + ကျောက် တို့ကို ရေဖြင့် အချိုးကျ ရောစပ်ထားခြင်းဖြစ်ပြီး  ) ပါဝင်သော ဘိလပ်မြေ နှင့် ရေ ပမာဏကို လိုက်ပြီး ခံနိုင်ရည်အားတို့ ကွာခြားကျပါတယ်။ ရေများလေလေ ဘိလပ်မြေ ခံနိုင်ရည် အားကျလေလေ ကွန်ကရစ် ခံနိုင်ရည်အား ကျလေလေ ဖြစ်သည်။ သို့သော် ... ယင်း concrete ကို မိမိအလိုရှိသော အဆောက်အဦး ၏ structural member များ( beam , column , slab , bored pile foundation etc,..) တွင် ထည့်သွင်း သွန်းလောင်းနိုင်ရန် ၊ လိုအပ်သော အချောသတ် လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်စေရန် သင့်တော်သော Concrete အပျော့အမာ ရရှိရန်လည်း လိုအပ်သေးသည်။ ( concrete workability, consistency,.)

ယခုအခါ Ready mixed concrete များ boompump များ ဖြင့် တွင်တွင်ကျယ်ကျယ် သွန်းလောင်းလာနိုင်ပြီ ဖြစ်ရာ ကြီးမားကျယ်ပြန့်သော concrete လုပ်ငန်းကြီး များအတွက် ကွန်ကရစ် အရည်အသွေး ပိုမို တည်ငြိမ်စေရန်နှင့် အစိုဓာတ်ကိုထိန်းသိမ်းပေးရန် (curing)လုပ်ပေးခြင်းဖြင့်သော်လည်းကောင်း၊ လုပ်ငန်းအချိန်မှီ ပြီးစီးမှု အတွက်သော် လည်းကောင်း အထောက်အကူ ပြုခြင်းဖြင့် တည်ဆောက်ရေး လုပ်ငန်းခွင်များ ပိုမို တွင်ကျယ်လာပြီ ဖြစ်ပါသည်။

ဖော်ပြပါ အချက်တွေကို ကြည့်ပြီး ဘိလပ်မြေ၊ ကွန်ကရစ် နဲ့ အင်္ဂတေ တို့ရဲ့ ကွဲပြားမှုကို သိရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကောင်းမွန်တဲ့ အရည်အသွေးနဲ့ တည်ဆောက်မယ့် နိုင်ငံရဲ့ တောက်ပတဲ့ အနာဂတ်နေ့ရက်တိုင်းအတွက် Crown ဘိလပ်မြေကလည်း နိုင်ငံသားတိုင်းနဲ့အတူ အမြဲရှိနေပါတယ်။

#Motor #Cement #Concrete...