SUGAR PRODUCTION PROCESS

ငွေရည်ပုလဲ သကြားကုမ္ပဏီလီမိတက်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ မှတ်ပုံတင်အမှတ် ၅၆၆၅/၂၀၁၃-၂၀၁၄ ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ်၊ ဧပြီလ၂၄ ရက်နေ့တွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာအုပ်စုတွင်  တစ်နေ့လျှင် ကြံတန်ချိန် (၁၀၀၀) ကြိတ်ဝါးသည့် အမှတ်(၁)သကြားစက်ရုံကိုလည်းကောင်း၊ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ အင်ဝိုင်းကျေးရွာတွင် တစ်နေ့လျှင် ကြံတန်ချိန် (၄၀၀၀) ကြိတ်ဝါးသည့် အမှတ် (၂) သကြားစက်ရုံကိုလည်းကောင်း တည်ထောင်ပြီး သကြားဖြူ(White Sugar) ကိုစီးပွားဖြစ်ထုတ်လုပ်ခဲ့ပါသည်။      

Clarico-Full Image