• CROWN CEMENT & CONCRETE
  •   
  • |
  •  SINN SHWE LI
  • SUGAR
  • |
  • MINING
---- ရောမရဲ့ အသက်ဝင်နေဆဲ ဗိသုကာ Pantheon -----
.
ခေတ်အဆက်ဆက် ဗိသုကာလက်ရာဟောင်းတို့နဲ့ ထင်ရှားလှတဲ့ ရောမမြို့ရဲ့ အထင်ကရ အဆောက်အဦးများထဲမှာ Pantheon ကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ယနေ့ထိတိုင် ကောင်းမွန်စွာ ထိန်းသိမ်းထားတဲ့ ရောမခေတ်ဟောင်းလက်ရာ Pantheonဟာ ရှေးဟောင်းဝတ်ပြုဆုတောင်းရာ အထိမ်းအမှတ်အဆောက်အဦးလက်ရာများရဲ့ ရှေ့ပြေးလို့လည်း ဆိုနိုင်ပါတယ်။ ဗိသုကာပညာရှင်များက လူလုပ်လက်ရာမဟုတ် နတ်တည်တဲ့ လက်ရာဟုပင် တင်စားပြောဆိုခံခဲ့ရတဲ့ အဆောက်အဦးလည်းပဲ ဖြစ်ပါတယ်။ ရှေးရောမလူမျိုးတို့ရဲ့ ဝတ်ပြုဆုတောင်းရာဖြစ်ခဲ့တဲ့ အဆိုပါ အဆောက်အဦးဟာ အခုလက်ရှိမှာတော့ ရိုမန်ကက်သလစ် ဘုရားရှိခိုးကျောင်းအဖြစ် ဆက်လက်တည်ရှိလို့နေပါတယ်။
Pantheon ဆိုတဲ့ နာမည်ဟာ နတ်ဘုရားတို့ရဲ့ အရာရာဟု အဓိပ္ပါယ်ရပြီး ဘီစီ(၂၅-၂၇)အတွင်း ရောမ၏ စစ်သူကြီးနဲ့ ဗိသုကာပညာရှင် Agrippaက ရောမတို့ရဲ့ ဘုရားကျောင်းအဖြစ် ဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။နတ်ဘုရားများနေရာဟု ရောမတို့ သတ်မှတ်ထားသော အဆိုပါ အဆောက်အအုံဟာ မီးလောင်မှုကြောင့် ပျက်စီးခဲ့ရာတာမို့ အေဒီ(၈၀)ခန့်တွင် အကြီးစား ပြန်လည်ပြုပြင်ခဲ့ရပါတယ်။ ထို့နောက် ဧကရာဇ် Hadrian လက်ထက်တွင် လက်ရှိမြင်တွေ့နေရသော အဆောက်အဦးပုံစံဖြစ်အောင် ဗိသုကာလက်ရာမြောက် ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။ Pantheon ဟာ ဂရိတို့ရဲ့ တိုင်လုံးရှည်များသဏ္ဌာန်နဲ့ ရောမတို့ရဲ့ ဂန္တဝင်မြောက် ဒုလုံးရှည် ပုံသဏ္ဌာန်တို့ကို ပေါင်းစပ်ထားသော အဆောက်အဦးပဲ ဖြစ်ပါတယ်။ ဒီ အဆောက်အဦးဟာ အပြင်ပိုင်း လက်ရာမြောက်အောင် ဖန်တီးထားရုံသာမက ရောမတို့ရဲ့ ယဉ်ကျေးမှုအဆင့်အတန်း ပြောင်းလဲလာခြင်းတို့ကိုပါ ပြသနေခြင်းလည်း ဖြစ်ပါတယ်။
ယခင်က ရောမတို့ရဲ့ ဘုရားကျောင်းဖြစ်ခဲ့တဲ့ ဒီအဆောက်အဦးဟာ သာသနာရေးဆိုင်ရာ တာဝန်ရှိသူများနဲ့ ဘုန်းတော်ကြီးများသာ ဝင်ရောက်ခွင့်ရှိတဲ့ ကန့်သတ်နေရာနေရာတစ်ခုဖြစ်ခဲ့ပေမယ့် ယနေ့ခေတ်မှာတော့ ကက်သလစ်ဘုရားကျောင်းအဖြစ် လူအများဝင်ထွက်သွားလာနိုင်နေပြီပဲ ဖြစ်ပါတယ်။ အဆောက်အဦးထဲကို ဝင်လိုက်တာနဲ့ ကြီးမားထည်ဝါတဲ့ ကျောက်တိုင်လုံးများနဲ့ တံခါးချပ်များက ခမ်းနားစွာ ဆီးကြိုနေပြီး ကျယ်ပြန့်တဲ့ ဟင်းလင်းပြင်ကြီးထဲကို ရောက်ရှိသွားတဲ့ ခံစားချက်မျိုးကိုလည်း ပေးစွမ်းနိုင်ပါတယ်။ အခုလို ပုံစံဖန်တီးထားရခြင်း၏ ရည်ရွယ်ချက်ကား နတ်ဘုရားတို့ရှေ့ မျက်မှောက်ရောက်နေသကဲ့သို့ ခံစားချက်ကို ပေးစွမ်းနိုင်အောင်လို့လည်း ဆိုပါတယ်။ Pantheonရဲ့ ဗိသုကာလက်ရာနဲ့ ပတ်သက်ပြီး အကြီးမားဆုံး ပြယုဂ်ကတော့ ထုထည်ကြီးမားလှတဲ့ အုတ်ခဲသုံးပေါင်းကူးပဲ ဖြစ်ပါတယ်။ အဆိုပါ ပေါင်းကူးမှာ တည်ဆောက်ထားသမျှ အဆောက်အဦးများထဲတွင် အကြီးမားနဲ့ အခိုင်ခံ့ဆုံးလို့ ဆိုနိုင်ပါတယ်။ ကွန်ကရစ်သုံး တစ်လွှာချင်း အသေးစိတ်ဆောက်လုပ်ထားသော ပေါင်းကူးအမိုးအပြင် အခြားထင်ရှားတဲ့ လက်ရာတစ်ခုလည်း ရှိပါသေးတယ်။ ဒါကတော့ ပြတင်းပေါက်များ ဖောက်လုပ်ထားခြင်းမရှိပေမယ့် မိုးရေကို အမိုးပေါက်မှ ဝင်ရောက်စေပြီး အတွင်းတွင် ရေမအိုင်စေရန် ကြမ်းပြင်ကို အနည်းငယ်ခုံးထားတဲ့ အံ့ဖွယ် ရေနုတ်မြောင်းစနစ်ကိုပါ ထည့်သွင်းထားခြင်းပဲ ဖြစ်ပါတယ်။
Pantheonဟာ ရောမတို့ရဲ့ ဘုရားကျောင်းအဖြစ်မှ (၇)ရာစုတွင် ရိုမန်ကက်သလစ် ဘုရားကျောင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး နှစ်ထောင်ပေါင်းများစွာတိုင် ငလျင်ဒဏ်နဲ့ မုန်တိုင်းဒဏ်တို့ကို ကြံ့ကြံ့ခံကာ ယနေ့ထက်တိုင် ခရီးသွားများကို ညှို့ယူဖမ်းစားနိုင်သော ရောမခေတ်ဟောင်း ဗိသုကာလက်ရာမွန်တစ်ခုအဖြစ် ကျန်ရှိလို့နေပါတယ်။
နိုင်ငံနဲ့ လူမျိုး၏ ယဉ်ကျေးမှုနဲ့ ဗိသုကာအဆင့်အတန်းမြှင့်တင်မှုကို အထောက်အကူပြုမယ့် သမိုင်းဝင် အဆောက်အဦးတည်ဆောက်မှုတိုင်းအတွက်လည်း Crown ဘိလပ်မြေက နိုင်ငံသားတိုင်းနဲ့ အမြဲအတူရှိလို့နေပါတယ်။