• CROWN CEMENT & CONCRETE
  •   
  • |
  •  SINN SHWE LI
  • SUGAR
  • |
  • MINING

CEMENT PRODUCTION PROCESS

                         

Crown အမှတ်တံဆိပ် ဘိလပ်မြေသည် EN-197-1(2000) ဥရောပစံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်သော အထွေထွေသုံး ဘိလပ်မြေ Portland Cement ဖြစ်ပါသည်။အရည်အသွေးမြင့်မားသော ကုန်ကြမ်းပစ္စည်းများကို ကမ္ဘာ့နောက်ဆုံးပေါ် နည်းပညာများဖြင့် ထုတ်လုပ်ထားသောကြောင့် ခိုင်ခံ့မှုအားကောင်းပြီး အရောင်အဆင်းလှ၊ ကောင်းမွန်သော ကုန်ကြမ်းများကိုရောစပ်ထားသည့်အတွက် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါသည်။ 

Clarico-Full Image
Clarico-Image-Text

Quarrying


ဘိလပ်မြေထုတ်လုပ်မှုတွင် အဓိက ကုန်ကြမ်းများဖြစ်သော Limestone, Sandstone, Iron Stone တို့ကို အချိုးကျ ရောစပ်ပေးနိုင်ရန်အတွက် ကုန်ကြမ်းများတွင်ပါဝင်သော ဒြပ်စင်များဖြစ်သည့် CaO , MgO , SiO2  , Al2O3  , Fe2O3  တို့အား ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်ပြီး အရည်အသွေး    ပြည့်မီသော ကုန်ကြမ်းများကိုသာ အဓိကထားသုံးစွဲလျှက်ရှိပါသည်။

Crushing


စမ်းသပ်မှုမှ ရရှိလာသည့် အစိုင်အခဲကုန်ကြမ်းများကို Standard Outlet Size များအဖြစ်သို့ ရောက်ရှိအောင် Main Crusher ဖြင့် ကြိတ်ခွဲလျက်ရှိပါသည်။

   Clarico-Text-Image    
Clarico-Image-Text

Preblending 


Main Crusher မှ ကြိတ်ခွဲပြီး ထွက်ရှိလာသည့် ကုန်ကြမ်းများကို Preblending အတွင်း စနစ်တကျခွဲခြမ်းစိတ်ဖြာပြီး သိုလှောင်ထားရှိလျက်ရှိပါသည်။

Raw Mill  


Limestone, Sandstone, Iron Ore တို့အား အချိုးကျရောစပ်ပြီး Raw Mill တွင်ကြိတ်ခွဲ၍ ရရှိလာသော Raw Meal များအား သတ်မှတ်ဘောင်အတွင်းရရှိစေရန်အတွက်   နမူနာယူပြီး   အနုစိတ်ဓာတ်ခွဲစမ်းသပ်ခြင်းများပြုလုပ်ပါသည်။

Clarico-Text-Image
Clarico-Image-Text

Kiln  


မီးသင်းဖိုသို့ကျွေးသော Raw Meal (Kiln Feed) နမူနာများအား သတ်မှတ်ဘောင်အတွင်း ရရှိစေရန်အတွက် စမ်းသပ်စစ်ဆေးပြီးထားသော နမူနာများမှ Daily Average Sample ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။ အရည်အသွေးပြည့်မီသော Kiln Feed များကို Rotary Kiln ထဲတွင် အပူချိန် 1450'C ဖြင့် မီးထိုးဖြတ်သန်းစေပြီးနောက် Clinker များအဖြစ် ထွက်ရှိလာပါသည်။

Cement Mill  


ထွက်ရှိလာသော Clinker များကို အအေးခံပြီးနောက် ဂေါ်ဒန်ကျောက်နှင့် အချိုးကျရောစပ်ပြီး Cement Mill တွင် ကြိတ်ခွဲပြီးနောက် အရည်အသွေးပြည့်မှီသော ဘိလပ်မြေ အဆင့်သို့ ရောက်ရှိလာခဲ့ပါသည်။ 

Clarico-Text-Image
Clarico-Image-Text

Packaging  


CROWN ဘိလပ်မြေ တစ်အိတ်လျှင် 50 Kg ပါဝင်ပါသည်။ အရည်အသွေးမြင့်မားသော အိတ်ခွံများ အသုံးပြုထားပြီး နိုင်ငံတကာအဆင့်မှီ နည်းစနစ်များဖြင့် ထုတ်ပိုးထားသောကြောင့် သယ်ယူပို့ဆောင်ရာတွင် ကြံ့ခိုင်မှုရှိခြင်း၊  စိုထိုင်းခြင်း၊   ခဲသွားခြင်း  မရှိဘဲ  ကာလကြာရှည်စွာ  သိုလှောင်ထားရှိနိုင်ပါသည်။