မြန်မာနိုင်ငံမှာထင်ရှားကျော်ကြားသော စေတီပုထိုးကျောင်းကန်အဆောက်အဦး၊ ဗိသုကာလက်ရာ များမှာ ယနေ့အချိန်ထိ တည်တံ့ခိုင်မြဲနေသည့်အတွက် မြန်မာပြည်သူများအပြင်၊ ကမ္ဘာအရပ်ရပ်က ခရီးသွားများကပါ အံ့ဩစိတ်ဝင်စားလျက်ရှိပါသည်။ ဘိလပ်မြေ မပေါ်ပေါက်မီ ကမ္ဘာတစ်ဝှမ်းလုံး ထုံး၊အင်္ဂတေကို သုံးစွဲခဲ့ကြစဉ်က မြန်မာနိုင်ငံတွင်လည်း မြန်မာ့ရိုးရာ အင်္ဂတေကို မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ဖော်စပ်သုံးစွဲခဲ့ကြပါတယ်။

ပုဂံခေတ်အင်္ဂတေစပ်နည်းကတော့ အုံတုံအပင်က အခေါက်ကိုခွာပြီးကြိုရတဲ့ အရည်ငါးဆ ကျွဲကော်ရည် (ကျွဲရည်နွားရည်ကြိုပြီးရတဲ့အရည်) ခြောက်ဆဥသျှစ်သီးမှရတဲ့ အစေးတစ်ဆ၊ တင်လဲရည် နှစ်ဆ တို့နဲ့ ထုံးနဲ့သဲဇတူစပ်ပြီးအင်္ဂတေကို ပြုလုပ်ကြပါတယ်။ နောက်တစ်နည်းကကျွဲကော်၊ ရေ၊ အုံတုံ၊ ဥသျှစ်၊ နွားနို့အသစ်၊ လက်ပံရေ၊ ကောက်ညှင်း၊ ထမင်းနယ်ပျားရည်ရှားစောင်း သဖန်းခါးလက်ပံသီးကရတဲ့ လဲဝါချဉ်ရည် စတဲ့အရာတွေနဲ့လည်း အင်္ဂတေစပ်ပါတယ်။ နောက်တနည်းကကျွဲကော်ရည် အုံတုံ၊ ဥသျှစ်၊ နွားနို့ လက်ပံတရော်၊ ကောက်ညှင်း၊ ထမနဲပျားရည်၊ တင်လဲဖုတ်ချောက်ချင် ရွေးရှားစောင်း၊ သဖန်းခါးလက်ဝါ စတဲ့ဆယ်မျိုးကိုဆယ့်နှစ်ခါပြန်ထောင်းပြီး ပြုလုပ်ပါတယ်။

“ အုံတုံသတ္တ၊ နဝကျွဲကော်
ဒွေးနော်တင်လဲ ၊ အုတ်သျှစ်ခွဲနှင့်
လဲဝါတစ်ဆုတ်၊ ဆီတစ်မှုတ်ကို
မယုတ်စုပေါင်း ညက်စွာထောင်းတော့
ဥသျှစ်ဧကေး၊ တင်လဲဒွေးနှင့်
အုံတုံပဥ္စ၊ ကျွဲကော်ဆ
မှတ်ကြ အင်္ဂတေ ”

အထက်ဖော်ပြပါအလင်္ကာသည် အင်္ဂတေဖော်စပ်နည်း သံပေါက်များမှာ များစွာသော ဖော်စပ်နည်း များမှ ထုတ်နှုတ်တင်ပြခြင်းသာဖြစ်ပါသည်။

ပထမဆုံးကမ္ဘာကျော်ရွှေတိဂုံစေတီတော်ကြီးတည်တော့ အသုံးပြုခဲ့တဲ့ အင်္ဂတေစပ်နည်းကတော့ ပြောရရင် “ ကြဇုသီးတစ်ဆ၊ တင်လဲနှစ်ဆ၊ ဥသျှစ်သုံးဆ၊ ကျွဲကော်ရည်ခြောက်ဆ၊ အုံတုံဆယ့်နှစ်ဆကိုရောပြီး ကော်ရည် ကိုစပ်ပါတယ်။ ရလာတဲ့ကော်ရည်ကိုအချိုးညီတဲ့ (ဆတူ)သဲနဲ့ထုံးတို့ရောစပ်ပြီး မောင်းနဲ့ တခါ ထောင်း အဲ့ဒီမှာ အင်္ဂတေရပါတယ်” အဲ့ဒီမယ်ကြဇုသီးကိုသုံးတာက ထုံးသည်အုတ်ကို စားခြင်း ကကာကွယ်ဖို့၊ တင်လဲ ကြတော့အင်္ဂတေကိုမာစေဖို့၊ ဥသျှစ်ကြတော့ ခိုင်ခံ့ပြီးအရောင်ကောင်းစေဖို့ ဖြစ်ပါတယ်။ 

မြန်မာ့ အင်္ဂတေသည်လည်း အခြားကမ္ဘာ့နိုင်ငံအသီးသီးတွင် သုံးစွဲကြသည့် Lime Motor များနည်းတူ ထုံးနှင့်သဲကိုပင် အခြေခံပါသည်။ သို့သော် မြန်မာ့အင်္ဂတေ၏ ထူးခြားမှုမှာ အင်္ဂတေအား အုတ်လွှာများနှင့် ကောင်းစွာတွဲကပ်စေရန်အတွက် ကျွဲကော်ရည်၊ အုံတုံခေါက်ပြုတ်ရည်၊ တင်လဲရည်၊ ဥသျှစ်စေး၊ အစရှိသော Organic Glue များနှင့် ကောင်းစွာ သမအောင်ရောစပ်ပြီး အသုံးပြုခဲ့ကြသည်။ ထုံးတစ်တင်းနှင့် သဲတစ်တင်းမှာ အခြေခံဖြစ်ပြီး အပိုထည့်သွင်းသော Additive များကို သံပေါက်စပ်၍ မှတ်သားခဲ့ကြသည်။ ဒါကတော့ရှေးမြန်မာတို့ရဲ့ စေတီပုထိုးဘုရားကျောင်းကန်တွေကို တည်ထား ဆောက်လုပ်တဲ့အခါ အဓိကသုံးရမဲ့အင်္ဂတေကို မြန်မာ့နည်းမြန်မာ့ဟန်နဲ့ တီထွင်ကြံဆလုပ်ခဲ့ကြတဲ့ ပြုလုပ်ပုံ သမိုင်းအကျဉ်းလေးဖြစ်ပါတယ်။ အခြားပြုလုပ်ပုံ တည်ဆောက်ပုံတွေရှိသေးပေမဲ့ လေ့လာမိသလောက် ဗဟုသုရစေရန်အလို့ငှာ ဖော်ပြပေးလိုက်ပါတယ်။ 

ထိုကဲ့သို့ အရေးပါလှသော အဆောက်အဦးများကို လွန်ခဲ့သော နှစ်ပေါင်း များစွာမှသည် ယနေ့တိုင် တည်နေအောင် ကြိုးပမ်းအားထုတ်ခဲ့သော ပညာရှင်များ နဲ့ ခေတ်အခါအလိုက် နည်းပညာတို့၏ ထွန်းကားမှုနှင့် ခိုင်မာသော အခြေခံအုတ်မြစ်များကြောင့်သာ ယနေ့တိုင် တွေ့မြင်ဖူးမြော်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏ သမိုင်းတွင်မယ့် တည်ဆောက်မှုတိုင်းအတွက် နိုင်ငံသားတိုင်းနှင့်အတူ အနာဂတ်မှာ မှတ်ကျောက်တင်နိုင်ဖို့ Crown Cement ကလည်း အမြဲအတူ ရှိနေပါမယ်။ 

#Crown_Cement

#Build_Quality_Future