• CROWN CEMENT & CONCRETE
  •   
  • |
  •  SINN SHWE LI
  • SUGAR
  • |
  • MINING

--- ကူးစက်ပြန့်ပွားမှုကို သင်က စလို့ကာကွယ်လိုက်ပါ ---    

ယခုလို ကူးစက်ရောဂါ ပြန့်ပွားလျက်ရှိသော ကာလအတွင်း ရုံး/ဌာနများတွင် ကူးစက်ပြန့်ပွားမှုမရှိစေရန် ဝန်ထမ်းလုပ်သားများအနေဖြင့် အောက်ဖော်ပြပါ အချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်သင့်ပါတယ်။

-အိမ်အပြင်သို့ထွက်ရာတွင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကိုမဖြစ်မနေ သေချာစနစ်တကျ တပ်ဆင်သွားပါ။

-ဝန်ထမ်း ကြို/ပို့ ယာဉ်များတွင် စီးနင်းမည့်သူများမှာ တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ ထိုင်လျက် လိုက်ပါခြင်းမျိုး မပြုရန် သတိပြုရမည်။

-အများသုံးယာဉ်များကို အသုံးပြုသူများအနေဖြင့် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကိုမဖြစ်မနေ သေချာစနစ်တကျ တပ်ဆင်သွားလို့ လက်သန့်ဆေးရည်ကိုလည်း    မကြာခဏ              အသုံးပြုပါ။

-ရုံး အတက်/အဆင်း ကိစ္စရပ်များတွင် တစ်ဦးနှင့် တစ်ဦး (၆)ပေအကွာမှနေပြီး ဆောင်ရွက်ရန်။

-ရုံးအတွင်းသို့မဝင်မီ ပြင်ဆင်ထားသော လက်ဆေးဆပ်ပြာဖြင့် လက်ကို စက္ကန့်(၂၀)ကြာ ဆေးကြောပြီးမှ ဝင်ရောက်ရန် (သို့မဟုတ်) အယ်လ်ကိုဟော (၆၀%) ပါဝင်သော   လက်သန့်   ဆေးရည်ကို ပြင်ဆင်ထားရန်။

-ရုံးအဝင်တွင် ကိုယ်အပူချိန်တိုင်းခြင်းကို စနစ်တကျဆောင်ရွက်ရန်။

-ရုံးချိန်အတွင်းတွင်လည်း မျက်နှာကာ(Face Shield), ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ထားရန်။

-ထမင်းစားချိန်များတွင် စု‌ဝေးစားသောက်ခြင်းမပြုရန်။

-အသုံးပြုပြီး ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များကိုလည်း စနစ်တကျဖြင့် အမှိုက်ပုံးတွင်းသို့သာ စွန့်ပစ်ရန်။

-ထိတွေ့မှု အများဆုံးဖြစ်သည့် အလုပ်စားပွဲမျက်နှာပြင်များကို သန့်ရှင်းရေးပြုလုပ်ရန်။

-နှာချေ၊ ချောင်းဆိုးလျှင် ပါးစပ်၊ နှာခေါင်းကို လုံအောင် ဖုံးအုပ်လို့ တစ်ရှူး(သို့မဟုတ်) တံတောင်ကွေးကို အသုံးပြုပါ။ အသုံးပြုပြီး တစ်ရှူးများကို အမှိုက်ပုံးတွင်းသို့ သေချာ   စွာ စွန့်ပစ်   ပါ။

-ဖျားခြင်း၊ ရုတ်တရက် အနံ့အရသာပျောက်ဆုံးခြင်း၊ အသက်ရှူရခက်ခဲခြင်း စတဲ့ ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများကို ခံစားရခြင်း၊ လွန်ခဲ့သော (၁၄)ရက်အတွင်း   ကိုဗစ်-၁၉        ဓါတ်ခွဲအတည်ပြုလူနာ၊ စောင့်ကြည့်လူနာနှင့် အသွားအလာ ကန့်သတ်ခံရသူတို့နှင့် ထိတွေ့ခြင်း၊ ရောဂါဖြစ်ပွားမှုများသော နေရာဒေသများသို့ သွားရောက်ခြင်း  ပြု ထားပါက ရုံး/ဌာန     သို့  လာရောက်ခြင်းမပြုပဲ သက်ဆိုင်ရာ ဌာနအကြီးအကဲကို အကြောင်းကြား၍ နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားပါ။

-ရုံးမှ အိမ်သို့ ပြန်ရောက်လျှင်လည်း လက်ကို အရင်ဆုံး စက္ကန့်(၂၀)ကြာ ဆေးကြောလို့ ကိုယ်လက်သန့်စင်ခြင်းပြုပါ။ဆပ်ပြာဖြင့် ရေချိုးပါ။

-ဝတ်သွားသော အဝတ်အစားများကို ဆပ်ပြာဖြင့် မိနစ်(၃၀)ကြာ စိမ်ပြီး လျှော်ဖွပ်ပါ။

-ကိုယ်လက်သန့်စင် ဆေးကြောခြင်းမပြုမီ နေအိမ်မှ မည်သူတစ်ဦးတစ်ယောက်နှင့်မျှ ထိတွေ့ခြင်းမပြုပါနှင့်။

ဖော်ပြပါ အချက်များကို သေချာ တိကျစွာ လိုက်နာလို့ မိမိကစ ရှေ့ဆောင်လမ်းပြခြင်းအားဖြင့် အဆိုပါ ကူးစက်ရောဂါပြန့်ပွားမှု ထိန်းချုပ်ခြင်းလုပ်ငန်းကို တစ်တပ်တစ်အား ပါဝင်ကူညီလိုက်ပါ။

#Crown_Cement #

#Build_Quality_Future

#Precautions

in News