• CROWN CEMENT & CONCRETE
  •   
  • |
  •  SINN SHWE LI
  • SUGAR
  • |
  • MINING

 အခုဆို  ရာသီအကူးအပြောင်းကာလကို ရောက်ရှိလို့လာပြီပဲ ဖြစ်ပါတယ်။  ကူးပြောင်းလာတဲ့  ရာသီဥတုနဲ့အတူ သတိထားရမှာကတော့  ရာသီတုပ်ကွေး  အန္တရာယ်ပဲ ဖြစ်ပါတယ်။         တုပ်ကွေးရောဂါကို  ယခင်ကထက် သတိပိုပြီးကာကွယ်ရမယ့်နောက်ထပ်   အချက်တစ်ခုကတော့ ရာသီတုပ်ကွေး လက္ခဏာများဟာ Covid-19 ရောဂါလက္ခဏာများနဲ့ ဆင်တူနေလို့ပဲ
 ဖြစ်ပါတယ်။ 

" ရာသီတုပ်ကွေးရဲ့ ရောဂါလက္ခဏာများကတော့ " 

-  ကိုယ်အပူချိန် ၃၈ ဒီဂရီ နဲ့ အထက်ရှိပြီး အဖျားကြီးခြင်း 
-  ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း 
-  ခေါင်းကိုက်ခြင်း 
-  နှာရည်ယိုခြင်း၊ နှာချေခြင်း 
-  ကိုယ်လက်ကိုက်ခဲကာ နုံးခွေခြင်း၊ ပင်ပန်းလွယ်ခြင်း 
-  ပြင်းထန်တဲ့ လက္ခဏာများအနေနဲ့ အဖျားအလွန်ကြီးခြင်း၊ အသက်ရှူရခက်ခဲခြင်း နဲ့ သတိလစ်မေ့မြောခြင်း တို့ပဲ ဖြစ်ပါတယ်။ 
   ထိုရောဂါကို ကြိုတင်ကာကွယ်ဖို့ အောက်ပါ အချက်များကို လိုက်နာသင့်ပါတယ်။ 

- အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ရောဂါပိုးများ မဝင်ရောက်စေရန် နှာချေ၊ ချောင်းဆိုးတိုင်း တစ်ရှူး၊လက်ကိုင်ပုဝါ သို့မဟုတ် တစ်ခါသုံး  နှာခေါင်းစည်းကို အသုံးပြုပါ။ 
- မိမိအနီးအနားတွင် တုပ်ကွေးလက္ခဏာရှိသူများ ရှိနေသည်ဟု သံသယရှိလျှင် မိမိကိုယ်ကို ကာကွယ်လို့ ထိုသူများကိုလည်း နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ သွားရန် တိုက်တွန်းပေးပါ။ 
- လူထူထပ်သော နေရာများသို့ သွားလာခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။ 
- အရာဝတ္ထုများကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာ သို့မဟုတ် လက်သန့်ဆေးရည်ဖြင့် နည်းစနစ်မှန်စွာ ဆေးကြောပေးပါ။ 
- ရောဂါပိုးများ အလွယ်တကူမဝင်ရောက်နိုင်အောင် ကိုယ်ခံစွမ်းအား မြင့်တက်စေတဲ့ စားသောက်နေထိုင်နည်းများအတိုင်း နေထိုင်လို့ အရည်များများသောက်ခြင်း၊ အိပ်ရေးဝဝအိပ်စက်ခြင်း     နဲ့ သင့်တော်သော အနားယူခြင်းတို့ကို ပြုလုပ်ပေးပါ။ 
- သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါသည်များ၊ ကိုယ်ဝန်ဆောင်မိခင်များ နဲ့ ကလေးငယ်များက ပိုမို ကူးစက်လွယ်တာမို့ ထိုသူတို့ကို ပိုပြီး ဂရုတစိုက်နဲ့ စောင့်ရှောက်ပေးပါ။ 
  ကျန်းမာခြင်းသည် လာဘ်တစ်ပါးပဲမို့ မိဘပြည်သူများအားလုံး အစဉ်ကျန်းမာရွှင်လန်းလို့ စီးပွား လာဘ်လာဘများ တိုးတက်ပါစေကြောင်း Crown Cement မိသားစုမှ ဆန္ဒပြုအပ်ပါတယ်။ 

#Crown_Cement
#Building_Quality_Future

in News