• CROWN CEMENT & CONCRETE
  •   
  • |
  •  SINN SHWE LI
  • SUGAR
  • |
  • MINING
-- နှစ်ပေါင်းထောင်ချီ တည်တံ့နေတဲ့ Chichen Itza မြို့က Kukulkan ဘုရားကျောင်း --
...................................................................................................
မာယာလူမျိုးလို့ ဆိုလိုက်တာနဲ့ 2006 ခုနှစ်က ထွက်ရှိခဲ့တဲ့ Apocalypto ဇာတ်ကားကို မြင်မိကြမယ်လို့ ထင်ပါတယ်။ မာယာလူမျိုးများ ယစ်ပူဇော်တဲ့ သေသွားသော လူများကို Chichen ထိပ်ကနေ ပစ်ချပြီး အသက်ရှင်ကျန်ရစ်သူကိုသာ မြင့်မြတ်သူလို့ ယုံကြည်ပြီး ကိုးကွယ်ခဲ့ကြပါတယ်။ Chi ဆိုတာက ပါးစပ်၊ Chen ဆိုတာက ရေတွင်း၊ Itza ဆိုတာက အစ်ဇာလူမျိုးနွယ်စု လို့ အဓိပ္ပာယ် ရပါတယ်။ အဓိပ္ပာယ်အပြည်အစုံကတော့ “At the mouth of the well of the Itza” လို့ခေါ်ဆိုပြီး မြန်မာလိုကတော့ “အစ်ဇာလူမျိုးတို့ရဲ့ ရေတွင်းဝ” လို့ခေါ်ဆိုပါတယ်။
မာယာလူမျိုးများဟာ ဉာဏ်အလွန်ထက်ပြီး တီထွင်မှုတွေကို ဖန်တီးခဲ့ပြီး သမိုင်းထဲကနေ ပျောက်ကွယ်သွားတဲ့ လူမျိုးစုတစ်စုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ Chichen Itza မြို့မှာရှိတဲ့ အေဒီ ၈၀၀ ဝန်းကျင်မှာ ဆောက်လုပ်ခဲ့တဲ့ Kulkukan ပိရမစ်ဟာဆိုရင် ဒီရှေးဟောင်းမြို့ရဲ့ အဓိကဆွဲဆောင်မှု တစ်ခုဖြစ်ပြီး ကမ္ဘာလှည့် ခရီးသွားတွေ အလာဆုံး နေရာလည်း ဖြစ်ပါတယ်။ မြို့တော်မှာ အကျယ်အဝန်းအားဖြင့် ၄မိုင် ပတ်လည်ကျယ်ဝန်းပါတယ်။ ၎င်းမြို့တော်ကို Mexico နိုင်ငံ၊ Yucantan ၏မြို့တော် Merida ရဲ့ အရှေ့ဘက် ၇၅ မိုင်အကွာမှာ တည်ရှိနေပါတယ်။ မာယာလူမျိုးများရဲ့ မြို့တော် Chichen Itza သည် အေဒီ ၁၁ရာစုခန့်မှာ Toltec လို့ခေါ်တဲ့ လူမျိုးတွေရဲ့သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး မာယာလူမျိုးတို့၏ လုပ်အားနဲ့ မြို့တော်ကို ဘာသာရေး အဆောက်အအုံတွေကို ဆောက်လုပ်ခဲ့ပြီး သူတို့နဲ့အတူ လူသားယစ်ပူဇော်ခြင်းကိုလည်း ပြုလုပ်ခဲ့ ကြပါတယ်။
ဒီမြို့ရဲ့ အထူးခြားဆုံး အကျော်ကြားဆုံးနေရာဟာ Castillo ဖြစ်ပါတယ်။ စပိန်စကားနဲ့ဆိုရင် ရဲတိုက်ဖြစ်ပါတယ်။ Castillo ဟာ နက္ခတ္တဗေဒ နည်းလမ်းအတိုင်းတည်ဆောက်တဲ့ ပိရမစ်ပုံစံ ၇၉ပေ အမြင့် အဆောက်အဦဖြစ်ပြီး အပြင်ဘက် လှေကား ၄ခုရှိပါတယ်။ သတင်းမီဒီယာတွေမှာ မကြာခဏ ဖော်ပြခံရတဲ့ ပုံလည်းဖြစ်ပါတယ်။ အဆောက်အဦအားလုံးကို ထုံးကျောက် (Limestone) ကျောက်တုံးတွေနဲ့သာ ဆောက်လုပ်ထားပါတယ်။ ထူးခြားတာကတော့ သူတို့ရဲ့ ဘုရားကျောင်းတွေ၊ ပိရမစ်တွေနဲ့ အဆောက်အဦတွေဆောက်လုပ်တဲ့နေရာမှာ ကျောက်တုံးသယ်ဖို့အတွက် ဘီးတွေကို အသုံးမပြုခဲ့တာပါပဲ။
ပိရမစ်ရဲ့ လေးဘက်လေးတန်မှာ ရှိတဲ့ လှေကားထစ် အထပ်ပေါင်း ၉၁ထပ်နဲ့ခေါင်မိုးမှ အထပ်တစ်ထပ်တို့ပေါင်းခြင်းကတော့ နှစ်တစ်နှစ်မှာ ရှိတဲ့ ရက်ပေါင်း ၃၆၅ရက်ကို ကိုယ်စားပြုတဲ့ အဓိပ္ပာယ်ရပါတယ်။ ပိရမစ်ကြီးဟာ အောက်ခြေအကျယ် ၁၈၁ပေ ပတ်လည်ရှိပြီး အမြင့် ၇၉ပေ ရှိသော နွေဦးရာသီမှာ နေရောင်ခြည်ဟာ ပိရမစ်ရဲ့ အနောက်ဘက်အပိုင်း ကိုးထပ်မြောက် အစွန်းမှ အောက်သို့လျှောဆင်းသွားတဲ့ မြွေဦးခေါင်းပုံသဏ္ဍာန်ပေါ်သို့ ကျရောက်တဲ့အခါမှာ မြွေကြီး တစ်ကောင် ပိရမစ်ပေါ်မှ ဆင်းသွားတဲ့ အသွင်ဆောင်နေပါတယ်။ ပိရမစ်ပေါ်က ဘုရားကျောင်းရဲ့ အမြင့်ကတော့ ပေ ၂၀ မြင့်ပါတယ်။ ပိရမစ်ရဲ့အတွင်းပိုင်းကို ပိရမစ်အောက်ဆုံးမှာ ရှိတဲ့ အပေါက် ငယ်လေးမှတစ်ဆင့် လှေကားအတိုင်းဝင်ရောက်နိုင်ပါတယ်။ ပိရမစ်အတွင်းပိုင်း မှာတော့ အနီရောင် ဂျာဂွာ ကျားသစ်ပုံသဏ္ဍာန် ပလ္လင်နဲ့ ရင်ဘက်ပေါ်မှာ လက်နှစ်ဖက် တင်ထားတဲ့ ဦးခေါင်း ကို တစ်ဖက်သို့ လှည့်ထားပြီး လဲလျောင်းနေသော Chac-Mool ရုပ်ထုကိုတွေ့ရမှာ ဖြစ်ပါတယ်။
Chichen Itza ဟာ ကမ္ဘာသစ်ရဲ့ အကြီးကျယ်ဆုံး အံသြဖွယ်ရာ ခုနှစ်ခုထဲမှာလည်း ထည့်သွင်း သတ်မှတ် ခံခဲ့ရသလို ၁၉၈၈ မှာ UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ် ခြင်းကိုလည်း ခံခဲ့ရပါတယ်။ ထို့ကြောင့် နှစ်ထောင်ပေါင်းများစွာတိုင် ငလျင်ဒဏ်နဲ့ မုန်တိုင်းဒဏ်တို့ကို ကြံ့ကြံ့ခံကာ ယနေ့ထက်တိုင် တာရှည်ခိုင်ခံ့နေခြင်းမှာ ထိုခေတ်အခါက နည်းပညာထွန်းကားမှု မရှိသေးသော်လည်း အလွန်စေ့စပ်သေချာသော ဆောင်ရွက်မှု အထူးကောင်မွန်သော လုပ်ငန်းဆောင်ရွက်မှု Good Workmanship ကောင်းမွန်မှုကြောင့်သာဖြစ်ကြောင်း ယူဆနိုင်ပါသည်။
နိုင်ငံနဲ့ လူမျိုး၏ ယဉ်ကျေးမှုနဲ့ ဗိသုကာအဆင့်အတန်းမြှင့်တင်မှုကို အထောက်အကူပြုမယ့် သမိုင်းဝင် အဆောက်အဦးတည်ဆောက်မှုတိုင်းအတွက်လည်း Crown ဘိလပ်မြေက နိုင်ငံသားတိုင်းနဲ့ အမြဲအတူရှိ လို့နေပါတယ်။